AWM CHANNEL

Home » » Dragon Ball Super: Broly (2018) မြန်မာစာတန်းထိုး

Dragon Ball Super: Broly (2018) မြန်မာစာတန်းထိုး


ဒီကားကတော့ 2018 ကထွက်ခဲ့တဲ့ Dragon ball နောက်ဆုံးထွက်တဲ့ကားဖြစ်ပါတယ် ဒီကားရဲ့အဓိကဇာတ်အိမ်ကို ဂိုကုတို့ ဗီဂျီတို့အရွယ်မရောက်ခင်ကာလက အချိန်ကိုဇာတ်အိမ်ထားပြီးရိုက်ထားတာပါ အဲ့ဒီ့အချိန်တုန်းက ဆိုင်ရန်တွေရဲ့ဂြိုလ်ဟာ ဖရီဇာရဲ့လက်အောက္မွာက်ရောက်နေတဲ့ အချိန်ကာလ​​ဖြစ်ပါတယ် ဆိုင်ရန်တွေက ကျွန်မခံချင်ပေမဲ့လည်း အဲ့ချိန်တုန်းက ဆိုင်ရန်​တွေထဲမှာ ဖရီဇာနဲ့ ယှဉ်နိုင်တဲ့သူက တစ်ယောက်မှမရှိသေးတဲ့အတွက် ခေါင်းငုံ့ပြီးသာငြိမ်ခံခဲ့ရပါတယ် အဲ့ဒီအတွက်ဆိုင်ရန်ဘုရင်ဟာ ဖရီဇာကိုတွန်းလှန်ဖို့အတွက် စွမ်းအားများစွာနဲ့မွေးဖွားလာတဲ့သူ့သား ဗီဂျီတာကိုပဲမျှော်မှန်းရပါတော့တယ် ဗီဂျီတာဟာစွမ်းအားများစွာနဲ့မွေးဖွားလာတဲ့သူဖြစ်တဲ့အတွက် ဘုရင်ကအလွန်ကိုဂုဏ်ယူနေပေမဲ့ တစ်ခန်းထဲမှာပဲ ဆိုင်ရန်စစ်တပ်ဗိုလ်ချုပ်ရဲ့သား ဘရိုလီ ဟာလည်းစွမ်းအားများစွာနဲ့မွေးဖွားလာတဲ့သူတစ်ယောက်ဖြစ်ပါတယ် ဗီဂျီတာနဲ့ အသက်သိပ်မကွာပေမဲ့ စွမ်းအားကဗီဂျီတာထက်ကို မြင့်မှားတဲ့အတွက် ဆိုင်ရန်ဘုရင်က ဘရိုလီကိုနယ်နှင်ဒဏ်ပေးလိုက်ပါတယ် ဒါကိုဖအေဖြစ်သူကသိတော့ သူ့သားကိုလိုက်ကယ်ပြီး ဂြိုလ်တစ်ခုပေါ်မှာပဲ နေကာလက်စားချေဖို့အတွက် သူ့သားကိုသူကိုယ်တိုင် လေ့ကျင့်ပေးပါတော့တယ် သူ့သားအရွယ်ရောက်လာတော့ ဆိုင်ရန်ဘုရင်မရှိတော့တဲ့အတွက် ဆိုင်ရန်ဘုရင်ရဲ့သား ဗီဂျီတာကို လက်စားချေဖို့ဖြစ်လာပါတော့ ကျန်တာတွေ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ပေးပါဦး ဒီကားက Rating ပိုင်းအရ 7.9 ဆိုတဲ့အထိ Rating တော်တော်ရထားတဲ့ကားဖြစ်ပါတယ် Reviewed by Nazumi

Google Drive - Download
Mega - Download
Share this article :

Post a Comment