AWM CHANNEL

Home » » Inseparable bros 2019 (မြန်မာစာတန်းထိုး)

Inseparable bros 2019 (မြန်မာစာတန်းထိုး)




ကျွန်တော်တို့အားလုံးရဲ့ဘဝမှာ မိသားစုလိုမျိုးချစ်ခင်ရတဲ့ သူငယ်ချင်းဆိုတာ ရှိကောင်းရှိကြမှာပါ တစ်ခါတစ်လေ လူတွေက အဲ့လိုသူငယ်ချင်းတွေကို ကိုယ့်ညီအကို အရင်းတွေထက်တောင် ချစ်ခင်ကြပါတယ် အကယ်၍သင်က အကြောသေနေပြီးတော့ ထိုင်ခုံပေါ်မှာပဲနေ နေရရင် အဲ့တာအပြင် သင့်ကိုစောင့်ရှောက်ပေးနေတဲ့ သင့်အချစ်ဆုံးသူငယ်ချင်းကလည်း စိတ်ကျန်းမာရေးချို့တဲ့နေတယ်ဆိုရင် သင်ဘယ်လိုနေမလဲ Inseparable brothers ဇာတ်ကားမှာတော့ သူငယ်ချင်းနှစ်ယောက်ကို ဒီလိုမျိုးပုံစံလေး ဇာတ်အိမ်ထားပြီးရိုက်ထားတာဖြစ်ပါတယ် ဒီကားမှာတော့ ဂန်ဆယ်ဆိုတဲ့ အကြောသေဝေဒနာကိုခံစားနေရတဲ့ ကောင်လေးက သူ့အမေသေသွားတော့ သူ့အမေအမျိုးတွေနဲ့နေရာကနေ အမျိုးတွေက မစောင့်ရှောက်နိုင်တော့တဲ့ အတွက် ခရစ်ယာန်ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ စွန့်လွှတ်ခြင်းခံခဲ့ရပါတယ် အဲ့အချိန်မှာပဲ အဲ့ကျောင်းမှ ဒုန်ဂိုဆိုတဲ့ စိတ်ကျန်းမာရေးမကောင်းတဲ့ ကောင်းလေးနဲ့ စတွေ့ပြီးတဲ့နောက်ခင်သွားပြီး အိပ်လဲအတူတူ စားလဲအတူတူ ကျောင်းသွားလဲအတူတူ အမြဲတန်း တစ်ပူးတွဲတွဲနဲ့ နှစ်၂၀ ကျော်ထိနေလာခဲ့တဲ့နောက် တစ်ကယ့် ညီအကို အရင်းတွေလိုဖြစ်လာပါတော့တယ် နောက်ပိုင်းဘာဆက်ဖြစ်မလဲဆိုတာတော့ ဇာတ်ကားလေးထဲမှာပဲ ဆက်ကြည့်ကြပါ ဒီဇာတ်ကားထဲမှာ ဒုန်ဂိုအဖြစ် ကိုရီးယား နာမည်ကြီးသရုပ်ဆောင် Lee Kwang Soo က သရုပ်ဆောင်ထားပြီး ဂန်ဆယ်ဟာအဖြစ် Shin Ha Kyun က သရုပ်ဆောင်ထားတာပါ နောက်ထပ် အဓိကသရုပ်ဆောင်အဖြစ်ပါတဲ့သူကတော့ နမ်မီယောင်း နေရာကနေ သရုပ်ဆောင်ထားတဲ့ မင်းသမီး Esom ပဲဖြစ်ပါတယ် ဒီကားလေးကတော့ Rating 6.9 ရထားတဲ့ Drama/Comedy အမျိုးအစားကားလေးဖြစ်ပါတယ်

Review - Nazumi

Google Drive - Download

Mega - Download

Openload - Download

Share this article :

Post a Comment