AWM CHANNEL

Home » » Black Fox (2019) မြန်မာစာတန်းထိုး

Black Fox (2019) မြန်မာစာတန်းထိုး


ဒီဇာတ်ကားရဲ့အဓိကဇာတ်အောင်ကတော့ ရီကာ အီဆူရူဂီပဲဖြစ်ပါတယ် ရီကာဟာသိပ္ပံပညာရှင် တစ်ယောက်ရဲ့ သမီးဖြစ်သလို သူမရဲ့အဘိုးဖြစ်သူကလည်း  နင်ဂျာတစ်ယောက်ဖြစ်ပါတယ် သူမဘဝတစ်လျောက်လုံမှာ အဘိုးဖြစ်သူဆီကနေ နင်ဂျာအတတ်ပညာတွေကိုသင်ကြားရင်း အဖေဖြစ်သူရဲ့ခြေရာကိုနင်းနိုင်ဖို့ကြိုးစားခဲ့ပါတယ် ရီကာရဲ့အဖေဟာ သိပ္ပံပညာမှာအလွန်တော်တဲ့သူဖြစ်ပြီး သူကလူတွေကိုအထောက်အကူဖြစ်စေနိုင်မဲ့ အရာတစ်ခုကိုတီထွင်ဖန်တီးလိုက်ပါတယ် အဲ့တာကတော့ ဒရုန်းတွေပါ သို့ပေမဲ့ ဒရုန်းတွေကသာမှန် ဒရုန်းတွေမဟုတ်ဘဲ လူတွေလိုမျိုးအသိညဏ်ရှိပြီး ခံစားနိုင်တဲ့နှလုံးသားပါတဲ့ တိရိစ္ဆာန် ဒရုန်းတွေဖြစ်ပါတယ် ရီကာရဲ့အဖေဟာ ဒီဒရုန်းတွေကိုလူတွေအတွက်ကောင်းတဲ့နေရာမှာသုံးချင်ပေမဲ့ တစ်ခြားတစ်ဘက်မှာလည်း ထိုဒရုန်းတွေကိုမကောင်းတဲ့နေရာမှာ လက်နက်အဖြစ်သုံးချင်နေတဲ့သူတွေလည်းရှိပါတယ် ထိုလူတွေကတော့ ရီကာ့ အဖေရဲ့လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ဖြစ်ပါတယ် သို့ပေမဲ့ ရီကာ့အဖေကသူတို့နဲ့ လမ်းကြောင်းခြင်းမတိုက်ဆိုင်လို့ အဖွဲ့အည်းကနေနှုတ်ထွက်သွားတဲ့အတွက် ထိုမကောင်းတဲ့လူနှစ်ယောက်က ဒရုန်းတွေကို သူတို့နည်းသူတို့ဟန်နဲ့ ရဖို့လုပ်ပါတော့တယ် နောက်ပိုင်းဘာဆက်ဖြစ်မလဲဆိုတာတော့ ဇာတ်ကားလေးကိုဆက်ကြည့်ပေးကြပါ ဒီဇာတ်ကားလေးကတာ့ rating 6.8 ထိရထားတဲ့ Science/Action ဇာတ်ကားကောင်းလေးဖြစ်ပါတယ်

Review - Nazumi

Mega - Download
Google Drive - Download
Share this article :

Post a Comment